လမင်းကို
ရင်ခွင်ထဲ ထည့်ဖို့ထိ
ငါရူးသွပ်စွာ မိုက်မိတယ်။
တကယ်ဆို
ပ၀င်းတဲ့ လမင်းက
ကြယ်အလှနဲ့ ပျော်နေတာ။
ကန္တာရဆန်တဲ့
ကမ္ဘာမြေသာ
အလင်းမဲ့ မှောင်နေဆဲပေါ့။
ယုံပါ
ကမ္ဘာမြေက
စံပယ်ဖြူလိုသန့်ရှင်း
အနှိုင်းမဲ့ချစ်ခြင်းတွေနဲ့
လမင်းကို တမ်းတ
မြတ်နိုးရသူပါ။
ကာရံမညီစာကြောင်း
ကဗျာမပီသံစဉ်ဟောင်းနဲ့
အနာဂတ်တွေ ပျက်စီးကြ
မနက်ဖြန်တွေ မလှပလည်း
လမင်းကို တမ်းတ
အမြဲ သတိရနေမှာ... ။
No comments:
Post a Comment