Sunday, April 7, 2013

အချစ်မီးတောက်ရဲ့ပိုးဖလံ


ချစ်ရသူရဲ့အကြည့်တစ်ချက်မှာလည်း

ငါ...ပျော်ဝင်ဖူးပါတယ်.

ချစ်ရသူရဲ့အပြုံးအောက်မှာလည်း

ငါကျရှုံးခဲ့ဖူးပါတယ်...

ချစ်ရသူကိုမြင်နေရရုံနဲ့

ငါ..ကျေနပ်နိုင်ခဲ့တယ်..

ချစ်ရသူရဲ့အသံလေးကိုကြားရရုံနဲ့

ငါ..ပျော်ရွင်ခဲ့ဖူးတယ်

တကယ်လို့များ ချစ်ရသူရဲ့ချစ်ခွင့်ကိုသာ

ငါ..ရရှိခဲ့မယ်ဆိုရင်

ချစ်သူကမီးတောက်ဆိုလည်း

မီးမကြောက်တဲ့ ပိုးဖလံကောင်လေးအဖြစ်

ငါ..ရှိပါရစေ...

No comments:

Post a Comment