- မင်းအနားမှာ
- အတူရှိနေတဲ့ အချိုန်တွေ
- ဘယ်နေ့ နောက်ဆုံးဖြစ်မလဲလို့
- ရင်ထဲစိုးတထိတ်ထိတ်နဲ့
- မင်းရဲ့ ဘေးနား နေခဲ့တယ်..
- တစ်ခါတလေကျ
- ကိုယ်ကစပြီး နေရစ်ခဲ့ဖို့
- ကိုယ့်ကိုကိုယ်တောင်းဆိုမိပေမယ့်
- အတူရှိနေတဲ့ အချိန်လေးမှာ
- စိတ်ချမ်းသာခွင့်ရသမျှ
- တစ်ခဏလေးပဲ ဖြစ်ဖြစ် ပိုင်ဆိုင်ဖို့
- အတတ်နိုင်ဆုံး ကြိုးစားမိပြန်တယ်
- ချစ်သူရယ်......
- ဘယ်နေ့လဲလို့ မမေးပါဘူး
- မင်းရင်ထဲ ငါရှိနေသမျှ
- မင်းရဲ့ ဘ၀အဖော် မဖြစ်ရင်တောင်
- တစ်ခဏပျော်ဖို့ ငါ ကျေနပ်စွာ အဖြည့်ခံဘ၀နဲ့ နေမှာပါ....။
ကျော်ဆန်း
Monday, September 9, 2013
မင်းအနားမှာ
Thursday, June 13, 2013
1500
ချစ်သူရယ်
ဘယ်လိုမှ မပျောပလောက်တဲ့
အချိန်တိုလေးအတွင်းမှာ
ငါ့ရဲ့ရင်ခွင်ကိုလှုတ်ခတ်စေခဲ့တယ်
မင်းရဲ့မျက်နှာလေးကိုမြင်နေရရင်
ငါ့ရဲ့တစ်နေ့တာပျော်ရွှင်မှုတွေဟာ
အလိုလိုပြည့်ဝလာခဲ့တယ်
မင်းကိုငါ့မျက်စိရှေ့လေးကနေ
နည်းနည်းလေးတောင်အပျောက်မခံနိုင်တော့ဘူး
တကယ်ပါ မင်းကိုဘယ်လိုများ စပြီးတော့ချစ်မိသွားပါလိမ့်....
ဘယ်လိုမှ မပျောပလောက်တဲ့
အချိန်တိုလေးအတွင်းမှာ
ငါ့ရဲ့ရင်ခွင်ကိုလှုတ်ခတ်စေခဲ့တယ်
မင်းရဲ့မျက်နှာလေးကိုမြင်နေရရင်
ငါ့ရဲ့တစ်နေ့တာပျော်ရွှင်မှုတွေဟာ
အလိုလိုပြည့်ဝလာခဲ့တယ်
မင်းကိုငါ့မျက်စိရှေ့လေးကနေ
နည်းနည်းလေးတောင်အပျောက်မခံနိုင်တော့ဘူး
တကယ်ပါ မင်းကိုဘယ်လိုများ စပြီးတော့ချစ်မိသွားပါလိမ့်....
Tuesday, April 30, 2013
မွေးနေ့အမှတ်တရကဗျာ
အော် ဘာလိုလိုနဲ့
ငါ့ရဲ့24 နှစ်ပြည့်တဲ့ရက်လေးတောင်ရောက်လာခဲ့ပြီ
ရက်တွေကလည်းတစ်ရက်ပြီးတစ်ရက်နဲ့
ပြောင်းလဲလာခဲ့သလို ပတ်ဝန်းကျင်ဟာလည်း
အပြောင်းအလဲများစွာနဲ့ တိုးတက်လာခဲ့ပြီ
ဒီနေ့ May Day နေ့ဆိုတော့ရက်ကောင်းရက်မြတ်နေ့လေးပေါ့
ဝန်ထမ်းများအားလုံး လွတ်လပ်စွာအနား.ယူကြရတဲ့နေ့လေးပေါ့
ငါ့ရဲ့24 နှစ်ပြည့်တဲ့ရက်လေးတောင်ရောက်လာခဲ့ပြီ
ရက်တွေကလည်းတစ်ရက်ပြီးတစ်ရက်နဲ့
ပြောင်းလဲလာခဲ့သလို ပတ်ဝန်းကျင်ဟာလည်း
အပြောင်းအလဲများစွာနဲ့ တိုးတက်လာခဲ့ပြီ
ဒီနေ့ May Day နေ့ဆိုတော့ရက်ကောင်းရက်မြတ်နေ့လေးပေါ့
ဝန်ထမ်းများအားလုံး လွတ်လပ်စွာအနား.ယူကြရတဲ့နေ့လေးပေါ့
Monday, April 8, 2013
လွမ်းမိသောအမေ့အိမ်
ဝေးတစ်မြေရ
ပ်ခြား...
ဆီနှင်းတွေ ကျဆင်းနေတဲ့ အခါ.......
အမိမြေကိုလွမ်းတယ်....။
ဟင်းချက်စားလို့မရတဲ့ အခါ.......
အမေချက်တဲ့ ဟင်းကိုလွမ်းတယ်..။
နေမကောင်းလို့စိတ်ညစ် ရတဲ့အခါ......... .
အမေ့ရင်ခွင်ကိုလွမ်းတ ယ်............။
အော်......အမေရ ယ်
သားလေ....အမေ� �ရင်ခွင်ကိ� �လွမ်းခဲ့တ� �
နှစ်တွေကြာ ခဲ့ပြီနော် .......
သားပြန်လာတဲ့အချိန်မှာ
အမေ့ရင်ကို မှီတွယ်ပါ ရစေနော်......။
မကြာခင်မှာ ...
အမေရှိရာအရ ပ်ဆီအမေ့သားပြန်လာမယ် ......။
ဆီနှင်းတွေ ကျဆင်းနေတဲ့ အခါ.......
အမိမြေကိုလွမ်းတယ်....။
ဟင်းချက်စားလို့မရတဲ့ အခါ.......
အမေချက်တဲ့ ဟင်းကိုလွမ်းတယ်..။
နေမကောင်းလို့စိတ်ညစ် ရတဲ့အခါ......... .
အမေ့ရင်ခွင်ကိုလွမ်းတ ယ်............။
အော်......အမေရ ယ်
သားလေ....အမေ� �ရင်ခွင်ကိ� �လွမ်းခဲ့တ� �
နှစ်တွေကြာ ခဲ့ပြီနော် .......
သားပြန်လာတဲ့အချိန်မှာ
အမေ့ရင်ကို မှီတွယ်ပါ ရစေနော်......။
မကြာခင်မှာ ...
အမေရှိရာအရ ပ်ဆီအမေ့သားပြန်လာမယ် ......။
နှစ်မျက်နှာ သင်္ကြန်
သင်္ကြန်ဆိုတာ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
တရားပွဲတွေ ငါးလွှတ်ပွဲတွေနဲ့
ကုသိုလ်တွေ အလီလီ ယူတဲ့ အချိန်အခါ...။
စတုဒီသာကျွေးမွေး
အလှူပေးတဲ့ အချိန်အခါ...။
ပိတောက်တွေ ရွှေရည်လူး
ငုဝါတွေ မြူးတဲ့ အချိန်အခါ...။
တူးပို့သံမြိုင်
မောင်မယ်တို့ အလှပြိုင်ကြတဲ့ အချိန်အခါ...။
ဒိုးသံ လှိုင်လှိုင်
သံချပ်တွေ သံပြိုင်ဆိုကြတဲ့ အချိန်အခါ...။
သင်္ကြန်ဆိုတာ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
အရက်သေစာ သောက်စား
စည်းလွတ်ဝါးလွတ် ပျော်ပါးတဲ့ အချိန်အခါ...။
ထိန်းချူပ်မှုတွေ အောက်က
တစ်နှစ် တစ်ခါ လွတ်မြောက်ကြတဲ့ အချိန်အခါ...။
မီးသတ်ပိုက် ၊ ရေပိုက်တွေနဲ့ မျက်နှာကို ထိုး
ရေမွန်းအောင် ပက်ကြတဲ့ အချိန်အခါ...။
မိန်းကလေးတွေ အတွင်းခံမပါ
တင်းတင်းရင်းရင်း အလှပြ၊ ထကြ ကဲကြတဲ့ အချိန်အခါ...။
ယာဉ်တိုက်မှုနဲ့ ရန်ပွဲတွေဆက်
သွေးထွက်သံယိုတွေ သိပ်များတဲ့အချိန်အခါ...။
ဒါလိုပါပဲ..
သင်္ကြန်ဆိုတာ...
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
တရားပွဲတွေ ငါးလွှတ်ပွဲတွေနဲ့
ကုသိုလ်တွေ အလီလီ ယူတဲ့ အချိန်အခါ...။
စတုဒီသာကျွေးမွေး
အလှူပေးတဲ့ အချိန်အခါ...။
ပိတောက်တွေ ရွှေရည်လူး
ငုဝါတွေ မြူးတဲ့ အချိန်အခါ...။
တူးပို့သံမြိုင်
မောင်မယ်တို့ အလှပြိုင်ကြတဲ့ အချိန်အခါ...။
ဒိုးသံ လှိုင်လှိုင်
သံချပ်တွေ သံပြိုင်ဆိုကြတဲ့ အချိန်အခါ...။
သင်္ကြန်ဆိုတာ...။
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
အရက်သေစာ သောက်စား
စည်းလွတ်ဝါးလွတ် ပျော်ပါးတဲ့ အချိန်အခါ...။
ထိန်းချူပ်မှုတွေ အောက်က
တစ်နှစ် တစ်ခါ လွတ်မြောက်ကြတဲ့ အချိန်အခါ...။
မီးသတ်ပိုက် ၊ ရေပိုက်တွေနဲ့ မျက်နှာကို ထိုး
ရေမွန်းအောင် ပက်ကြတဲ့ အချိန်အခါ...။
မိန်းကလေးတွေ အတွင်းခံမပါ
တင်းတင်းရင်းရင်း အလှပြ၊ ထကြ ကဲကြတဲ့ အချိန်အခါ...။
ယာဉ်တိုက်မှုနဲ့ ရန်ပွဲတွေဆက်
သွေးထွက်သံယိုတွေ သိပ်များတဲ့အချိန်အခါ...။
ဒါလိုပါပဲ..
သင်္ကြန်ဆိုတာ...
နှစ်ဟောင်းကနေ နှစ်သစ်ပြောင်း
မကောင်းမှုတွေ ဆေးကြောတဲ့ အချိန်အခါ...။
ရင်တွင်းမှ လမင်းသို့
လမင်းကို
ရင်ခွင်ထဲ ထည့်ဖို့ထိ
ငါရူးသွပ်စွာ မိုက်မိတယ်။
တကယ်ဆို
ပ၀င်းတဲ့ လမင်းက
ကြယ်အလှနဲ့ ပျော်နေတာ။
ကန္တာရဆန်တဲ့
ကမ္ဘာမြေသာ
အလင်းမဲ့ မှောင်နေဆဲပေါ့။
ယုံပါ
ကမ္ဘာမြေက
စံပယ်ဖြူလိုသန့်ရှင်း
အနှိုင်းမဲ့ချစ်ခြင်းတွေနဲ့
လမင်းကို တမ်းတ
မြတ်နိုးရသူပါ။
ကာရံမညီစာကြောင်း
ကဗျာမပီသံစဉ်ဟောင်းနဲ့
အနာဂတ်တွေ ပျက်စီးကြ
မနက်ဖြန်တွေ မလှပလည်း
လမင်းကို တမ်းတ
အမြဲ သတိရနေမှာ... ။
ရင်ခွင်ထဲ ထည့်ဖို့ထိ
ငါရူးသွပ်စွာ မိုက်မိတယ်။
တကယ်ဆို
ပ၀င်းတဲ့ လမင်းက
ကြယ်အလှနဲ့ ပျော်နေတာ။
ကန္တာရဆန်တဲ့
ကမ္ဘာမြေသာ
အလင်းမဲ့ မှောင်နေဆဲပေါ့။
ယုံပါ
ကမ္ဘာမြေက
စံပယ်ဖြူလိုသန့်ရှင်း
အနှိုင်းမဲ့ချစ်ခြင်းတွေနဲ့
လမင်းကို တမ်းတ
မြတ်နိုးရသူပါ။
ကာရံမညီစာကြောင်း
ကဗျာမပီသံစဉ်ဟောင်းနဲ့
အနာဂတ်တွေ ပျက်စီးကြ
မနက်ဖြန်တွေ မလှပလည်း
လမင်းကို တမ်းတ
အမြဲ သတိရနေမှာ... ။
Sunday, April 7, 2013
" ရွှေလနှင့်တူသောမျက်နှာ "
သူ့......မျက်နှာသာမြင်ရပါလျှင်
ရင်ဝယ်အေးမြကြည်ပေရွေ့
အေးဆေးတည်ငြိမ်နှလုံးအိမ်မှာ
ကြည်နူးများစွာဖြစ်ရပါ၏
သူ့.......ဟန်မူရာ မြင်ရပါလျှင်
မျက်ဝန်းတွင်ငြိ အိမ်မက်မိ၏
သူ့.......အပြုံးသာလျှင်မြင်ရပါလျှင်
ရင်ဝယ်ပီတိ နှလုံးငြိ၏
သူ့.....အမုံးသာခံရပါလျှင်
ရင်တွင်းကွယ်ပုံး ဒို့နှလုံးမှာ
ခံနိုင်ရည်အား ကုန်ဆုံးသွားမှာ
မလွဲသေချာ အမှန်သာမို့
တိတ်တခိုးသာ ချစ်နေမှာ......
ရင်ဝယ်အေးမြကြည်ပေရွေ့
အေးဆေးတည်ငြိမ်နှလုံးအိမ်မှာ
ကြည်နူးများစွာဖြစ်ရပါ၏
သူ့.......ဟန်မူရာ မြင်ရပါလျှင်
မျက်ဝန်းတွင်ငြိ အိမ်မက်မိ၏
သူ့.......အပြုံးသာလျှင်မြင်ရပါလျှင်
ရင်ဝယ်ပီတိ နှလုံးငြိ၏
သူ့.....အမုံးသာခံရပါလျှင်
ရင်တွင်းကွယ်ပုံး ဒို့နှလုံးမှာ
ခံနိုင်ရည်အား ကုန်ဆုံးသွားမှာ
မလွဲသေချာ အမှန်သာမို့
တိတ်တခိုးသာ ချစ်နေမှာ......

Subscribe to:
Posts (Atom)