Monday, September 9, 2013

မင်းအနားမှာ

                 

  • မင်းအနားမှာ
  • အတူရှိနေတဲ့ အချိုန်တွေ    
  • ဘယ်နေ့ နောက်ဆုံးဖြစ်မလဲလို့
  • ရင်ထဲစိုးတထိတ်ထိတ်နဲ့
  • မင်းရဲ့ ဘေးနား နေခဲ့တယ်..
  • တစ်ခါတလေကျ
  • ကိုယ်ကစပြီး နေရစ်ခဲ့ဖို့
  • ကိုယ့်ကိုကိုယ်တောင်းဆိုမိပေမယ့်
  • အတူရှိနေတဲ့ အချိန်လေးမှာ
  • စိတ်ချမ်းသာခွင့်ရသမျှ
  • တစ်ခဏလေးပဲ ဖြစ်ဖြစ် ပိုင်ဆိုင်ဖို့
  • အတတ်နိုင်ဆုံး ကြိုးစားမိပြန်တယ်
  • ချစ်သူရယ်......
  • ဘယ်နေ့လဲလို့ မမေးပါဘူး
  • မင်းရင်ထဲ ငါရှိနေသမျှ
  • မင်းရဲ့ ဘ၀အဖော် မဖြစ်ရင်တောင်
  • တစ်ခဏပျော်ဖို့ ငါ ကျေနပ်စွာ အဖြည့်ခံဘ၀နဲ့ နေမှာပါ....။
  •                                 

No comments:

Post a Comment